Thursday, April 12, 2012

6p အစီအစဉ်ပြီးနောက် မလေးအစိုးရ အဖမ်း အဆီးစတင်


အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများကို 6p အစီအစဉ်ဖြင့် သက်တမ်းနှစ်ကြိမ် တိုးပေးခဲ့ပြီးနောက် မလေးရှားအစိုးရမှ တရားမ၀င်နိုင်ငံခြားသားအလုပ်သမားများကို စတင်ဖမ်းဆီးပြီဖြစ်သည်။ ဧပြီလ ၁၀ ရက်နေ့ တွင် သက်တမ်းကုန်ဆုံးပြီးနောက် သက်တန်းလုံးဝ တိုးပေးတော့မှာမဟုတ်တော့ပါဟု မလေးအစိုးရက ကြော်ဲငြာ ပြီးနောက်ပိုင်း အဖမ်း အဆီးများစတင်လာခြင်းဖြစ်သည်။အဖမ်းအဆီးများကို တစ်နိုင်ငံလုံးတွင် ဆောင်ရွက်သွား မည်ဟုကြော်ငြာထားပြီး မနေ့က ၀င်ရောက်စီးနင်းခဲ့သည့် ဆောက်လုပ်ရေးဆိုဒ်တစ်ခုတွင် အလုပ်သမား ၃၅၀ ကျော် ဖမ်းဆီးစစ်ဆေးခဲ့ပြီး အလုပ်သမား ၆၄ ဦးမှာ အထောက်အထားမဲ့ဖြစ်သည့်အတွက် သက်ဆိုင်ရာ စခန်း သို့ပို့ဆောင်တော့မည်ဖြစ်သည်။ ၄င်း ၆၄ ဦးထဲတွင် မြန်မာ ၇ ဦးအပါဝင် အမျိုးသမီး ၁၀ ဦးလည်းပါဝင်သည်။

Saturday, April 7, 2012

မြန်မာ့ အစိုးရစီမံကိန် မလေးရောက်မြန်မာများလက်မခံ


မြန်မာအစိုးရနှင့် မလေးအစိုးရ မှ သဘောတူညီချက်ရထားသည့် မြန်မာ့အိမ်ဖော်များ မလေးရှားသို့စေလွှတ်မည့် စီမံကိန်းကို မလေးရှားရောက်မြန်မာများမှ လုံးဝသဘောတူလက်ခံခြင်းမရှိပါ။မလေးရှားနိုင်ငံသည် အင်ဒိုနီးရှား နှင့် ဗီယက်နမ် အိမ်ဖော်များကို အဓိကခေါ်ယူစေခိုင်းသည့်နိုင်ငံဖြစ်သည်။ လွန်ခဲ့သည် နှစ်များမှစတင်ကာ မလေးရှား အလုပ်ရှင်များမှာ အိမ်ဖော် နိုင်ငံခြား အလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အလုပ်သမား အခွင့် အေရေးချိုးဖောက်ခြင်းများကြောင်း သက်ဆိုင်ရာနိုင်ငံများနှင့် အခြေအတင်ဖြစ်ခဲ့ရသည်။ စကားနှင့် ကိုးကွယ်ရာဘာသာပါ တူညီသည့် အင်ဒိုအိမ်ဖော်များပါ မလေးအလုပ်ရှင်များ၏ နှိပ်ကွက်မှုဒဏ်ကို မခံနိုင်သည့် အတွက် အင်ဒိုနီးရှား အိမ်ဖော်များ အလုပ်မှာစွန့်ခွါလာကြသည်များ တဖြည်းဖြည်းများလာသည့်အတွက် မလေး အစိုးရအနေဖြင့် ဆင်းရဲတွင်းတဖြည်းဖြည်းနက်လာသည့် မြန်မာနိုင်ငံကို မျက်စိကျလာကာ မြန်မာအိမ်ဖော် ခေါ်ယူရေးအစီအစဉ်ကို ဆောင်ရွက်လာခြင်းဖြစ်သည်။ တကယ်လို့ မြန်မာ အိမ်ဖော်များ မလေးရှားသို့ရောက်ရှိလာပါက ဘာသာစကားမတူခြင်း ရိုးရာယဉ်ကျေးမှုနှင့် မလေးအလုပ်ရှင် များ၏ အကျင့်ဖြစ်နေသည့် အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်လာရ မည်ဖြစ်သည့်အတွက် မလေးရောက် မြန်မာနိုင်ငံသားများအနေဖြင့် ယခုအစီအစဉ်အား လုံးဝလက်မခံနိုင်ခြင်း ဖြစ်ပါသည်။

Monday, December 26, 2011


မလေးရှားတွင်နေထိုင်သည့် မြန်မာ့ဒုက္ခသည်များကို လူမှူအဖွဲ့အစည်းများမှကူညီ

မြန်မာ့စစ်အစိုးရ၏ ဘက်ပေါင်းစုံမှဖိနှိပ်ချူပ်ချယ် မှုအပေါ် ခံနိုင်ရည်မရှိတော့သဖြင့် မြန်မာ့ တိုင်းရင်းသား လူမျိုးနွယ်စုပေါင်းမြောက်များစွာ ဒုက္ခသည်အဖြစ်မှတ်ပုံတင်ပြီး တတိယနိုင်ငံတစ်ခုခုကိုထွက်ခွါရန် စောင့်ဆိုင်း နေသည့် နိုင်ငံများထဲတွင် မလေးရှားသည်လည်း မြန်မာ လူမျိုးများ၏ နေထိုင်စောင့်ဆိုင်းနေရသည့် နိုင်ငံတစ်ခု ဖြစ်သည်။ အခု ခရစ္စမတ် ပွဲတော်ကာလတွင် မလေးရှားကုမ္ပဏီများ၊ လူမှုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံသား ဒုက္ခသည်နေထိုင်ရာနေရာများသို့ ခရစ္စမတ် လက်ဆောင်အဖြစ် အစားအသောက်များ၊ အ၀တ်အထည်များ၊ ပျော်ပွဲ ရွှင်ပွဲများကို လူသားချင်းစာနာစွာဖြင့် ကူညီထောက်ပံ့ဆောင်ရွက်ပေးလျှက်ရှိသည်။














Monday, June 20, 2011

UNHCR ကဒ် ကိုင်ဆောင်သူမြန်မာအားတရားဝင်လင်ယောင်္ကျားအဖြစ်ရွေးချယ်မည့် မလေးနိုင်ငံသူ

UNHCR ကဒ်ကိုင်ဆောင်ပြီး မလေးရှားမှာ အလုပ်လုပ်ကိုင်နေထိုင်သည့် မြန်မာတစ်ဦးအား မလေးနိုင်ငံ သူတစ်ယောက်မှ တရားဝင်လက်ထပ်ခွင့်ရရှိရန် မလေးအာဏာပိုင်များထံသို့တင်ပြအစီရင်ခံလျှက်ရှိရာ ရှေ့ဆက်ပြီး ဖြစ်လာမည့် အခြေအနေကိုသေချာ မသိရသေးသော်လည်း ယခင်ထုတ်ပြန်ထားသည့် ဥပဒေ တွင် UNHCR ကဒ် ကိုင်ဆောင်ထားသူ များအနေဖြင့် မလေးနိုင်ငံသူများကို တရားဝင်လက်ထပ်ခွင့်မရှိဟု သိရှိရသည်။

မလေးရှားမှာလည်း ရပ်ကွက်အချို့ ရေပြတ်လပ်မှုများဖြစ်ပေါ်

မလေးရှားနိုင်ငံတွင်လည်း တစ်ချို့ရပ်ကွက်များ ရေပြတ်လပ်မှုများ မကြာခဏဖြစ်ပေါ်တတ်သည်။ သို့သော် လည်း မလေးပြည်သူများအနေဖြင့် အခက်အခဲမရှိလှပေ။ တာဝန်ရှိ သူများမှ ရေပြတ်လပ်မှုဖြစ်ပေါ် တိုင်း ရေဖြန့်ဝေမှုများပြုလုပ်ကူညီဆောင်ရွက်ပေးကြသည်။ မြန်မာပြည်မှာဆိုရင် အဲဒီလိုရေပြတ်တဲ့နေရာတွေ ကို မီးသတ်ကားဖြင့် ရေလာရောင်းခြင်းဖြင့်လည်း ကူညီဆောင်ရွက်ပေးတတ်ကြသည်။

Thursday, April 21, 2011

မြေကြီးထဲသို့ရောက်ရှိနေသော အသေကောင်လုယက်ခံရ


သေဆုံးပြီး မြေမြုပ်သင်္ဂြိုလ်ထားသည့် မလေးရှားနိုင်ငံသား တရုတ်လူမျိုး အသေကောင်ဆီမှ အဖိုး တန် လက်ဝတ်ရတနာများကို ဖော်ယူခိုးယူသွားခြင်းဖြစ်သည်။ လက်စွပ်နှစ်ကွင်း နာရီတစ်လုံးနှင့် မိုဘိုင်ဖုန်း တစ်လုံး လုယက်ခံရခြင်းဖြစ်ပြီး သေဆုံးသွားသူအား မြေမြုပ်ပြီး ၁၁ ရက်အကြာတွင် ခိုးယူတူးဖော်ခံရခြင်း ဖြစ်သည်။

Tuesday, April 12, 2011

လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၈ဦးဖမ်းဆီးခံရ

မိန်းကလေး ၀န်ထမ်းတစ်ဦးအပါအ၀င် စုစုပေါင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၈ ဦးအား လာတ် စားမှုဖြင့် အရေးယူခြင်းခံရတော့မည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံမှ တရားမ၀င်ခိုးဝင်လာသော အလုပ်သမား မော်တော်ဘုတ်အား လာတ်ငွေရယူပြီး ၀င်ခွင့်ပြုခဲ့သည့်ပြစ်မှု ကျူုးလွန်ခြင်းဖြစ်သည် ဟုသိရှိရသည်။ မလေးရှား နိုင်ငံသည် နိုင်ငံခြားသား အလုပ်သမားအများအပြားလာရောက်အလုပ်လုပ်ကိုင်နေထိုင်ကြသည့် နိုင်ငံတစ်နိုင် ငံ ဖြစ်သလို မလေးအာဏာပိုင်တော်တော်များများလည်း လာတ်စားမှုကျုးလွန်ကြသည်။

Thursday, March 17, 2011

၅ + ၅ ဗီဇာ သက်တမ်းတိုးပေးတော့မည်

မလေးရှားနိုင်ငံအတွင်း လာရောက်အလုပ်ကိုင်ကြသည့် နိုင်ငံခြားသား အလုပ်သမားများကို မလေးရှားအစိုးရမှ ယခင် ခွင့်ပြုထားသည့် ၅ နှစ်သက်တမ်းကို နောက်ထပ် ၅ ငါးနှစ်ထပ်ပေါင်းကာအလုပ်လုပ်ခွင့် ပြုတော့ မည်ဖြစ်သည်။ ယခင် နိုင်ငံခြားသားအလုပ်သမားများ အနေဖြင့် မလေးရှားနိုင်ငံအတွင်းသို့လာရောက်အလုပ်
လုပ်ကိုင်ပြီး လုပ်သက် ၅ နှစ်ပြည့်သွားပါက မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွါရသည်။ ယခု အခါ နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် လုပ်သက် ၅ နှစ် ပြည့်သွားသော်လည်း မိခင်နိုင်ငံသို့ ပြန်လည် ထွက်ခွါစရာမလို တော့ပေ။ ကျွမ်းကျင် လုပ်သားအဖြစ် မလေးအစိုးရမှ နောက်ထပ် ၅ နှစ် အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးမည့် အစီအစဉ်ဖြစ်သည်။ လက်ရှိအခြေအနေတွင် စိုက်ပျိုးရေးလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည့် နိုင်ငံ ခြားသားအလုပ်သမားများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်သည်။

Friday, March 11, 2011

Water Scooter စီးတဲ့ ရွှေမြန်မာ

ပရိဘောဂစက်ရုံ အလုပ်သမား ကိုနေလင်း အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသား တစ်ဦးအား water scooter မတော်တစ်ဆ တိုက်ခိုက်မှုဖြင့်မလေးအာဏာပိုင်များမှ ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ်(မလေးရင်းဂစ်) - ၁၀၀၀ လျှော်ကြေးပေးရန် စီရင်ချက် ချမှတ်လိုက်သည်။ ကိုနေလင်းမှာ အပန်းဖြေကမ်းခြေတစ်ခုတွင် water scooter အပျော်တမ်း စီးနင်းနေရင်း ပင်လယ် ကမ်းခြေတွင် အပန်းဖြေလမ်းလျှောက်နေသော တရုတ်အမျိုးသမီး တစ်ဦးအား ၀င်တိုက်မိရာ ၄င်းအမျိုးသမီးမှာ ခြေတစ်ချောင်းကျိုးသွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ တရားရုံးမှ မေးမြန်းရာတွင် "ကုန်းပေါ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်တတ်သည့်အတွက် ရေထဲတွင် water scooter ကို လွယ်ကူစွာ မောင်းနှင်နိုင်မည် အထင်ဖြင့် စီးမိရာမှ အခုလို မတော်တစ်ဆ၀င်တိုက်မှုဖြစ်ကြောင်း" ကာယကံရှင် ကိုနေလင်းမှ ရုံးတော်ကိုထွက်ဆိုသည်။

Tuesday, March 8, 2011

နိုက်ကလပ်နှင့် ဘီယာဘား များကို အထူးဝင်ရောက်ဖမ်းဆီး


မလေးရှားနိုင်ငံအနှံ နိုက်ကလပ် ၊ ဘီယာဘား လုပ်ငန်းများမှာ တွင်ကျယ်လာသည့်အပြင် ၄င်းနှင့်ဆက်စပ်ပြီး လိင် ဆက်ဆံရေးလုပ်ငန်းများပါ ပါရှိလာသည့်အတွက် အထူးတင်းကျပ်စွာ စစ်ဆေး၊ ဖမ်းဆီးလာခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအများစုမှာ တရုတ်၊ ဗီယက်နာမ်၊ ထိုင်း၊ အင်ဒိုနီးရှား အမျိုးသမီးများဖြစ်ကြပြီး တစ်ခါ တစ်ရံ မြန် မာအမျိုးသမီးများ အချို့ပါဝင်တတ်သည်။ အပြင်သတင်းများအရ မလေးရှားနိုင်ငံအတွင်း လူကုန်ကူးရောင်းစား ခံရသည့် နိုင်ငံခြားသူအချို့မှာ အလုံပိတ်ထားသည့် အခန်းများတွင် လှောင်ပိတ်ထားပြီး လိင်ကျွန်အဖြစ် အတင်း အဓမ္မရောင်း စားခံနေရကြောင်း သတင်းများလည်း ကျယ်ပြန့်လျှက်ရှိသည်။

Saturday, February 26, 2011

မလေးရှားမှ မြန်မာဂျာနယ်များ


၂၀၀၉ မတိုင်မီကို မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် ဂျာနယ်များမှာ အဓိကအားဖြင့် အားကစားဂျာနယ် များသာဖြစ်ပြီး အမျိုးအစားများဖြင့်လည်း မများလှပေ မြန်မာပြည်တွင်းမှာ ဂျာနယ်အချို့ကိုလည်း တင်သွင်း ရောင်းချခဲ့ကြသည်ကို တွေ့ရှိရသည်။ ၂၀၀၉ နောက်ပိုင်း မလေးရှားနိုင်ငံမှ ထုတ်ဝေသည့် ဂျာနယ်အမျိုးအစား အများအပြား ထွက်ပေါ်လာခဲ့ပြီး အကြာင်းအရာများမှာလည်း နိုင်ငံရေးကို အဓိကထားဖော်ပြလာကြသည်ကို တွေ့ရှိရသည်။ အစပထမပိုင်းတွင် မှာယူရောင်းချသည့် အရောင်းဆိုင်များကို မြန်မာသံရုံးမှ ဖိအားပေးမှု၊ ခြိမ်း ခြောက်မှုများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံမဟုတ်သည့် အတွက် တားဆီး၊ ပိတ်ပင်နိုင်ခြင်း မရှိခဲ့ပေ။ ၂၀၁၀ မှ စတင်ကာ မလေးရှားနိုင်ငံအတွင်း ဖြန့်ဝေရောင်းချသည့် ဂျာနယ်များတွင် နိုင်ငံရေးသတင်းများကို ဖော်ပြသည့် ဂျာနယ်များ ကျယ်ပြန့်စွာ ရောင်းအားမြင့်တက်လာခြင်းကို တွေ့ရှိရသည်။

Monday, February 21, 2011

မလေးရှားနှင့် ဂိုဏ်းစတား


မလေးရှားနိုင်ငံအတွင်း ဂိုဏ်းစတား(လူဆိုးအဖွဲ့) များမှာ တစ်နေ့တစ်ခြား ကြီးထွားလာသည်ကိုတွေ့ရှိ ရသည်။ မလေးဂိုဏ်းစတား၊ တရုတ်ဂိုဏ်းစတား၊ အိန္ဒိယ ဂိုဏ်းစတားဆိုပြီး အမျိုးအစား သုံးမျိုးရှိသည်။ အားလုံး သော ဂိုဏ်းစတားအဖွဲ့အစည်းများမှာ လူမိုက်အလုပ်အကိုင်များကိုသာ လုပ်ကိုင်ကြသည်။ အထူးသဖြင့် ယင်း အဖွဲ့များသို့ ကျောင်းသားလူငယ် အများအပြား လမ်းမှားစွာ ၀င်ရောက်လာကြသည်ဟုသိရှိရသည်။ သို့သော် ၀င်ပြီး ပြန်ထွက်ရန် မလွယ်ကူပေ။ လွန်ခဲ့သည့် လအတွင်းဖြစ်ပေါ်ခဲ့သည့် တရုတ်ဂိုဏ်းစတား အချင်းချင်း ခိုက် ရန်ဖြစ်ပွါးမှုတွင် ဆယ်ကျော်သက် အထက်တန်းကျောင်းသား ဂိုဏ်းစတား သုံးဦးသေဆုံးသွားခဲ့သည်။ မြန်မာ အချို့လည်း ၄င်းဂိုဏ်းစတားများ၏ အခိုင်းအစေအဖြစ် ၀င်ရောက်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

Monday, February 14, 2011

မိမိ ကိုယ်ကို သတ်သေမှုများ တစ်နေ့တစ်ခြားတိုးပွါးလာ

မလေးရှားနိုင်ငံအတွင်း မလေးနိုင်ငံသားတရုတ်လူမျိုးများ တစ်နေ့တစ်ခြား မိမိကိုယ်ကို သတ်သေပြီး အဆုံးစီရင်မှုများ တစ်နေ့တစ်ခြား တိုးပွါးလျှက်ရှိသည်။ အထူးသဖြင့် လူငယ်များဖြစ်နေသည်ကိုတွေ့ရှိရသည်။ ၁၉၉၈ နောက်ပိုင်း လူတစ်သိန်းလျှင် ၈ ယောက်မှ ၁၂ ယောက်ထိ တိုးပွါးလာကြောင့် မလေးအာဏာပိုင်များမှ အတည် ပြုထားပြီး အစိုးရနှင့် အစိုးရမဟုတ်သည့် NG0 များအနေဖြင့် အလေးပဲ ပညာပေးလုပ်ငန်း များ ဆောင်ရွက် သင့် ကြောင်း ရုပ်ပိုင်းဆိုင်ရာ ဆေးသိပ္ပံတက္ကသိုလ်မှ ပါမောက္ခတစ်ဦးမှ အကြံပြုပြောဆိုသည်။

Friday, February 4, 2011

မလေးရှားကျောင်းသားအချို့ အီဂျစ်မှပြန်လည်ရောက်ရှိ

အီဂျစ်နိုင်ငံတွင်ပညာသွားရောက်သင်ကြားနေသည့် မလေးရှားနိုင်ငံသား ကျောင်းသား၊သူ များနှင့် စီးပွါးရေး သွားရောက်လုပ်ကိုင်နေသူများကို မလေးအစိုးရမှ မိခင်နိုင်ငံသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စီစဉ် ဆောင် ရွက်လျှက်ရှိရာ ပထမဆုံးအသုတ်အဖြစ် ကျောင်းသား၊သူ သုံးရာကျော်ရောက်ရှိလာပြီဖြစ်သည်။ လေကြောင်း လိုင်းကို အဓိကထားပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာသွားရောက် သင်ကြားနေသော ကျောင်းသူ၊သား များအနေဖြင့် မည်သည့ိအခကြေးငွေမှပေးစရာမလိုပဲ မလေးရှားအစိုးရမှ အခမဲ့လုပ်ဆောင်ပေးခြင်းဖြစ်သည်။ မလေးနိုင်ငံသား ကျောင်းသား၊သူ စုစုပေါင်းတစ်သောင်းကျော်နှင့် စီးပွါးရေး လုပ်ကိုင်နေသူ တစ်သောင်းကျော် စုစုပေါင်း မလေးရှားလူမျိုးနှစ်သောင်းကျော် အီဂျစ်တွင်ရှိနေသည်ဟု ဖော်ပြ ထားသည်။

Wednesday, January 26, 2011

မိမိရင်သွေးငယ်ကို အသေသတ်သည့် မြန်မာမိန်းကလေး

(မွေးကင်းစကလေးငယ်အားသတ်ဖြတ်သူ မိခင်ရင်းမြန်မာအမျိုးသမီးကို ဆေးစစ်ပြီးဖမ်းဆီးလာစဉ်)
မလေးရှားနိုင်ငံတွင် ဒုက္ခသည် လက်မှတ်ကိုင်ဆောင်ပြီးနေထိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး မွေးကင်းစ မိမိရင်သွေးငယ်အား ၄င်းနေအိမ်တွင်းရှိ အိမ်သာထဲတွင်သတ်ဖြတ်ပြီး ပလစတစ်အိပ်ဖြင့် ထည့်ထားခြင်းဖြစ် သည်။ မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခြင်းဖြစ်သည်ကို မသိရှိရသေးသော်လည်း လင်ယေင်္ကျားဖြစ်သူ နှင့် ကွာရှင်းပြတ်စဲနေခြင်းကြောင့်ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ ၄င်းအမျိုးသမီးအား ဆေးရုံတွင်ဆေး စစ် ဆေးပြီး မလေးရှားရဲလက်ထဲသို့အပ်လိုက်ပြီဖြစ်ပြီး မလေးအာဏာပိုင်များမှ လူသတ်မှုဖြင့်တရားစွဲဆိုရန် ပြင်ဆင်ထားသည်။

Wednesday, January 19, 2011

သူတောင်းစားများပေါများလားခြင်း

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ အတွင်း သူတောင်းစားများ အများအပြားတွေ့ရှိလာသည့် အတွက် အာဏာပိုင်များမှ ရှင်းလင်းရေးအစီအစဉ်များကို တင်းကျပ်စွာ လုပ်ဆောင်သွားမည်ဟု သိရှိရသည်။ သူတောင်း စားများ ကို နိုင်ငံခြားသားများသာဖြစ်ပြီး မလေးနိုင်ငံသားများ မဟုတ်ဟု အမြဲတမ်းငြင်းဆိုတတ်သည့် မလေးအာ ဏာပိုင်များမှာ မြို့တော်ကွာလာလမ်ပူ၏ အဓိက မြို့ထဲလမ်းကြို၊ လမ်းကြား များနှင့် ဟောင်းနွမ်းသည့် အဆောက် အအုံများတွင် နေထိုင် ကျက်စားတတ်ကြသည့် အိမ်ယာမဲ့သူများကို ရှောင်တစ်ခင် ၀င်ရောက်စစ် ဆေးရာ မလေးနိုင်ငံသားများသာဖြစ်နေပြီး အများစုမှာ လူငယ်လေးများဖြစ်နေသည့် အတွက် အခုလိုမျိုး တင်း ကျပ်စွာ လုပ်ဆောင်လာခြင်းဖြစ်နိုင်သည်။

Monday, January 17, 2011

မြန်မာအမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရပြီးသေဆုံး

(ကျန်ရှိခဲ့သော ငါးလအရွယ် ကလေးလေးနှင့် ဖခင်ဖြစ်သူကိုစည်သူခေါ်ဆိုင်ပိုင်ရှင်မ ယောင်္ကျား)
မလေးရှားနိုင်ငံ၏ နိင်ငံခြားသား ခရီးသွားများ အများအပြား အလည်အပတ်ခရီးသွားတတ်သည့် မြို့တော် မာလကာ တွင် စားသောက်ဆိုင်ပိုင်ရှင် မြန်မာအမျိုးသမီးတစ်ဦးနှင့် သူမ၏ အိမ်ဖော် မြန်မာအမျိုးသမီး တစ်ဦး စုစုပေါင်း နှစ်ဦးမှာ ၄င်းတို့နေအိမ်တွင် ဓါးဖြင့်ထိုးသတ်ခြင်းခံရပြီးသေဆုံးသွားခြင်းဖြစ်သည်။ ဆိုင်ပိုင်ရှင် မြန်မာ အမျိုးသမီးမှာ စားသောက်ဆိုင်လုပ်ငန်းအပြင် မြန်မာပြည်တွင်းမှ အလုပ်သမားခေါ်ယူသည့် လုပ်ငန်းများကိုပါ လုပ်ကိုင်သူဖြစ်သည်ဟုသိရှိရသည်။ အခင်းဖြစ်သည့်နေ့တွင် ယေင်္ကျားနှစ်ယောက် ၄င်းအိမ်သို့ ၀င်းသွားပြီး စကားအချတင်ပြောဆိုသံများကြားရကြောင်း ၄င်းနောက် ယေင်္ကျားနှစ်ယောက်ပြန်ထွက်သွားကြောင်း အိမ်နီး ချင်းများက ထွက်ဆိုသည်။ သေဆုံးသူများကို လင်ဖြစ်သူပြန်ရောက်လာသည့်အချိန်မှ သိရှိခြင်းဖြစ်သည်။ ၀မ်းနည်း စရာကောာင်းသည်မှာ သေဆုံးသွားသော ဆိုင်ပိုင်ရှင်အမျိုးသမီးတွင် ငါးလ အရွယ်ကလေးလေး တစ်ဦး ကျန်ရှိခဲ့ဖြင်းဖြစ်သည်။ ၄င်းသေဆုံးမှု၏ အဓိက တရားခံများမှာမြန်မာများသာဖြစ်နိုင်သည်ဟု ရဲအဖွဲ့က ထင်မြင်ထားပြီး မြန်မာအချင်းချင်းသာဖြစ်မည်ဆိုသည်ကို အိမ်နီးချင်းများနှင့် နီးစပ်သူ အချို့လည်း ထင်ကြေး ပေးထားသည်။

အုန်းပင်ပေါ်သေဆုံးသည့် နီပေါလူမျိုးအလုပ်သမား


စိုက်ပျိုးရေးခြံတစ်ခုကို မလေးအာဏာပိုင်များမှ ၀င်ရောက်စစ်ဆေးမှုကြောင့် အဖမ်းခံရမည်ကို စိုးရိမ်ပြီး။ အုန်းပင်ပေါ်တက်ပြေးသည့် နီပေါလူမျိုး အလုပ်သမားတစ်ယောက်သေဆုံးသွားသည်။ ၁၅ မီတာမြင့် သော အုန်းပင်အပေါ်တွင် သေဆုံးနေခြေင်းဖြစ်သည်။ အလုပ်ပါမစ်သက်တန်းကုန်ဆုံးသွားပြီဖြစ်သဖြင့် အဖမ်းခံရမည် ကိုစိုးရိမ်ကာ အုန်းပင်ပေါ်သို့တက်ပြေးတိမ်းရှောင်ခြင်းဖြစ်သည်။ မည်သည့် အကြေင်းကြောင့်သေဆုံးသွားခြင်း ဖြစ်သည်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပေ။ မလေးရှားနိုင်ငံတွင် တရုတ်နှစ်သစ်ကူးချိန်နှင့် နီးကပ်လာပြီဖြစ် သဖြင့် အဖမ်းအဆီး၊ အစစ်အဆေးများကို နေရာတိုင်းတွင်း တင်းကျပ်လျှက်ရှိသည်ကိုတွေ့ရှိရသည်။

Monday, January 10, 2011

မြန်မာမိန်းကလေး တစ်ဦးသတ်ဖြတ်ခံရ

စက်မှုဇုံတွင် အလုပ်လုပ်နေသည့် မြန်မာမိန်းကလေးတစ်ဦး သတ်ဖြတ်ခံရပြီးသေဆုံးသွားခြင်းဖြစ်သည်။ နံနက်စောစောအချိန်ချိန် တစ်ယောက်တည်း စက်ရုံသို့ အလုပ်ဆင်းရန်အသွား လမ်းတွင်သတ်ဖြတ်ခံရခြင်း ဖြစ်သည်။ သတ်ဖြတ်သွားသူများမှာ မုဒိမ်းကျင့် စော်ကားသွားခြင်းမရှိဟု ရဲအရာရှိမှာပြောဆိုသည်။ စက်မှုဇုန် တွင်အလုပ်လုပ်နေကြသောမြန်မာအလုပ်သမား အများစုမှာ စက်ဘီး(သို့) လမ်းလျှောက်ပြီး အလုပ်ဆင်းလာ တတ်သည် မနက်စောစော အလုပ်ဆင်းရပြီး ညနေ မိုးချုပ်မှပြန်ကြရသည့်အတွက် တစ်ယောက်တည်း အလုပ် ဆင်းသည့်  အလေ့အထမျိုးကို မလုပ်သင့်ပေ အဖော်အုပ်စုများဖြင့် သွားလာသင့်သည်။

နှစ်ယောက်ပေါင်းသွားကိုးချောင်းကျွတ်သွားတဲ့တရုတ်လင်မယား

မီးပွိုင့် မီးနီ မိသည့်လမ်းဆုံတွင် ကားချင်းဘေးကပ် ယှဉ်ရပ်ထားရာမှ တစ်စီးနှင့်တစ်စီး အချအတင် အငြင်းပွါး ပြီး ခိုက်ရန်ဖြစ်ပွါးခြင်းဖြစ်သည်။ မောင်းနှင်လာသူများမှာ တစ်စီးတွင် အရပ်ဝတ် မလေးရဲဖြစ်ပြီး အခြားတစ်စီး တွင်မလေးနိုင်ငံသား တရုတ်လူမျိုးလင်မယားဖြစ်သည်။ အရပ်ဝတ်မလေးရဲမှ တရုတ်လင်မယားကို ဆွဲထိုးခြင်း ဖြစ်ပြီး လင်ဖြစ်သူမှာ သွားနှစ်ချောင်းကျိုးကာ မယားဖြစ်သူမှာ သွား ၇ ချောင်း ကျွတ်ထွက်သွားခြင်းဖြစ်သည်။ မလေးရှားနိုင်ငံတွင်လည်း လူမျိုးရေးပြသာနာများ မကြာခဏ ဖြစ်ပေါ်တတ်သည့် အတွက် အခု ပြသနာသည် လည်း မီဒီယာ များ၏ စိတ်ဝင်စားခံရသော ပြသနာတစ်ခုဖြစ်လာသည်။