Monday, February 21, 2011

မလေးရှားနှင့် ဂိုဏ်းစတား


မလေးရှားနိုင်ငံအတွင်း ဂိုဏ်းစတား(လူဆိုးအဖွဲ့) များမှာ တစ်နေ့တစ်ခြား ကြီးထွားလာသည်ကိုတွေ့ရှိ ရသည်။ မလေးဂိုဏ်းစတား၊ တရုတ်ဂိုဏ်းစတား၊ အိန္ဒိယ ဂိုဏ်းစတားဆိုပြီး အမျိုးအစား သုံးမျိုးရှိသည်။ အားလုံး သော ဂိုဏ်းစတားအဖွဲ့အစည်းများမှာ လူမိုက်အလုပ်အကိုင်များကိုသာ လုပ်ကိုင်ကြသည်။ အထူးသဖြင့် ယင်း အဖွဲ့များသို့ ကျောင်းသားလူငယ် အများအပြား လမ်းမှားစွာ ၀င်ရောက်လာကြသည်ဟုသိရှိရသည်။ သို့သော် ၀င်ပြီး ပြန်ထွက်ရန် မလွယ်ကူပေ။ လွန်ခဲ့သည့် လအတွင်းဖြစ်ပေါ်ခဲ့သည့် တရုတ်ဂိုဏ်းစတား အချင်းချင်း ခိုက် ရန်ဖြစ်ပွါးမှုတွင် ဆယ်ကျော်သက် အထက်တန်းကျောင်းသား ဂိုဏ်းစတား သုံးဦးသေဆုံးသွားခဲ့သည်။ မြန်မာ အချို့လည်း ၄င်းဂိုဏ်းစတားများ၏ အခိုင်းအစေအဖြစ် ၀င်ရောက်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

No comments:

Post a Comment