Wednesday, January 19, 2011

သူတောင်းစားများပေါများလားခြင်း

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ အတွင်း သူတောင်းစားများ အများအပြားတွေ့ရှိလာသည့် အတွက် အာဏာပိုင်များမှ ရှင်းလင်းရေးအစီအစဉ်များကို တင်းကျပ်စွာ လုပ်ဆောင်သွားမည်ဟု သိရှိရသည်။ သူတောင်း စားများ ကို နိုင်ငံခြားသားများသာဖြစ်ပြီး မလေးနိုင်ငံသားများ မဟုတ်ဟု အမြဲတမ်းငြင်းဆိုတတ်သည့် မလေးအာ ဏာပိုင်များမှာ မြို့တော်ကွာလာလမ်ပူ၏ အဓိက မြို့ထဲလမ်းကြို၊ လမ်းကြား များနှင့် ဟောင်းနွမ်းသည့် အဆောက် အအုံများတွင် နေထိုင် ကျက်စားတတ်ကြသည့် အိမ်ယာမဲ့သူများကို ရှောင်တစ်ခင် ၀င်ရောက်စစ် ဆေးရာ မလေးနိုင်ငံသားများသာဖြစ်နေပြီး အများစုမှာ လူငယ်လေးများဖြစ်နေသည့် အတွက် အခုလိုမျိုး တင်း ကျပ်စွာ လုပ်ဆောင်လာခြင်းဖြစ်နိုင်သည်။

No comments:

Post a Comment