Saturday, April 7, 2012

မြန်မာ့ အစိုးရစီမံကိန် မလေးရောက်မြန်မာများလက်မခံ


မြန်မာအစိုးရနှင့် မလေးအစိုးရ မှ သဘောတူညီချက်ရထားသည့် မြန်မာ့အိမ်ဖော်များ မလေးရှားသို့စေလွှတ်မည့် စီမံကိန်းကို မလေးရှားရောက်မြန်မာများမှ လုံးဝသဘောတူလက်ခံခြင်းမရှိပါ။မလေးရှားနိုင်ငံသည် အင်ဒိုနီးရှား နှင့် ဗီယက်နမ် အိမ်ဖော်များကို အဓိကခေါ်ယူစေခိုင်းသည့်နိုင်ငံဖြစ်သည်။ လွန်ခဲ့သည် နှစ်များမှစတင်ကာ မလေးရှား အလုပ်ရှင်များမှာ အိမ်ဖော် နိုင်ငံခြား အလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အလုပ်သမား အခွင့် အေရေးချိုးဖောက်ခြင်းများကြောင်း သက်ဆိုင်ရာနိုင်ငံများနှင့် အခြေအတင်ဖြစ်ခဲ့ရသည်။ စကားနှင့် ကိုးကွယ်ရာဘာသာပါ တူညီသည့် အင်ဒိုအိမ်ဖော်များပါ မလေးအလုပ်ရှင်များ၏ နှိပ်ကွက်မှုဒဏ်ကို မခံနိုင်သည့် အတွက် အင်ဒိုနီးရှား အိမ်ဖော်များ အလုပ်မှာစွန့်ခွါလာကြသည်များ တဖြည်းဖြည်းများလာသည့်အတွက် မလေး အစိုးရအနေဖြင့် ဆင်းရဲတွင်းတဖြည်းဖြည်းနက်လာသည့် မြန်မာနိုင်ငံကို မျက်စိကျလာကာ မြန်မာအိမ်ဖော် ခေါ်ယူရေးအစီအစဉ်ကို ဆောင်ရွက်လာခြင်းဖြစ်သည်။ တကယ်လို့ မြန်မာ အိမ်ဖော်များ မလေးရှားသို့ရောက်ရှိလာပါက ဘာသာစကားမတူခြင်း ရိုးရာယဉ်ကျေးမှုနှင့် မလေးအလုပ်ရှင် များ၏ အကျင့်ဖြစ်နေသည့် အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်လာရ မည်ဖြစ်သည့်အတွက် မလေးရောက် မြန်မာနိုင်ငံသားများအနေဖြင့် ယခုအစီအစဉ်အား လုံးဝလက်မခံနိုင်ခြင်း ဖြစ်ပါသည်။

No comments:

Post a Comment