
၂၀၀၉ မတိုင်မီကို မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် ဂျာနယ်များမှာ အဓိကအားဖြင့် အားကစားဂျာနယ် များသာဖြစ်ပြီး အမျိုးအစားများဖြင့်လည်း မများလှပေ မြန်မာပြည်တွင်းမှာ ဂျာနယ်အချို့ကိုလည်း တင်သွင်း ရောင်းချခဲ့ကြသည်ကို တွေ့ရှိရသည်။ ၂၀၀၉ နောက်ပိုင်း မလေးရှားနိုင်ငံမှ ထုတ်ဝေသည့် ဂျာနယ်အမျိုးအစား အများအပြား ထွက်ပေါ်လာခဲ့ပြီး အကြာင်းအရာများမှာလည်း နိုင်ငံရေးကို အဓိကထားဖော်ပြလာကြသည်ကို တွေ့ရှိရသည်။ အစပထမပိုင်းတွင် မှာယူရောင်းချသည့် အရောင်းဆိုင်များကို မြန်မာသံရုံးမှ ဖိအားပေးမှု၊ ခြိမ်း ခြောက်မှုများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံမဟုတ်သည့် အတွက် တားဆီး၊ ပိတ်ပင်နိုင်ခြင်း မရှိခဲ့ပေ။ ၂၀၁၀ မှ စတင်ကာ မလေးရှားနိုင်ငံအတွင်း ဖြန့်ဝေရောင်းချသည့် ဂျာနယ်များတွင် နိုင်ငံရေးသတင်းများကို ဖော်ပြသည့် ဂျာနယ်များ ကျယ်ပြန့်စွာ ရောင်းအားမြင့်တက်လာခြင်းကို တွေ့ရှိရသည်။
No comments:
Post a Comment