Thursday, April 12, 2012

6p အစီအစဉ်ပြီးနောက် မလေးအစိုးရ အဖမ်း အဆီးစတင်


အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများကို 6p အစီအစဉ်ဖြင့် သက်တမ်းနှစ်ကြိမ် တိုးပေးခဲ့ပြီးနောက် မလေးရှားအစိုးရမှ တရားမ၀င်နိုင်ငံခြားသားအလုပ်သမားများကို စတင်ဖမ်းဆီးပြီဖြစ်သည်။ ဧပြီလ ၁၀ ရက်နေ့ တွင် သက်တမ်းကုန်ဆုံးပြီးနောက် သက်တန်းလုံးဝ တိုးပေးတော့မှာမဟုတ်တော့ပါဟု မလေးအစိုးရက ကြော်ဲငြာ ပြီးနောက်ပိုင်း အဖမ်း အဆီးများစတင်လာခြင်းဖြစ်သည်။အဖမ်းအဆီးများကို တစ်နိုင်ငံလုံးတွင် ဆောင်ရွက်သွား မည်ဟုကြော်ငြာထားပြီး မနေ့က ၀င်ရောက်စီးနင်းခဲ့သည့် ဆောက်လုပ်ရေးဆိုဒ်တစ်ခုတွင် အလုပ်သမား ၃၅၀ ကျော် ဖမ်းဆီးစစ်ဆေးခဲ့ပြီး အလုပ်သမား ၆၄ ဦးမှာ အထောက်အထားမဲ့ဖြစ်သည့်အတွက် သက်ဆိုင်ရာ စခန်း သို့ပို့ဆောင်တော့မည်ဖြစ်သည်။ ၄င်း ၆၄ ဦးထဲတွင် မြန်မာ ၇ ဦးအပါဝင် အမျိုးသမီး ၁၀ ဦးလည်းပါဝင်သည်။

Saturday, April 7, 2012

မြန်မာ့ အစိုးရစီမံကိန် မလေးရောက်မြန်မာများလက်မခံ


မြန်မာအစိုးရနှင့် မလေးအစိုးရ မှ သဘောတူညီချက်ရထားသည့် မြန်မာ့အိမ်ဖော်များ မလေးရှားသို့စေလွှတ်မည့် စီမံကိန်းကို မလေးရှားရောက်မြန်မာများမှ လုံးဝသဘောတူလက်ခံခြင်းမရှိပါ။မလေးရှားနိုင်ငံသည် အင်ဒိုနီးရှား နှင့် ဗီယက်နမ် အိမ်ဖော်များကို အဓိကခေါ်ယူစေခိုင်းသည့်နိုင်ငံဖြစ်သည်။ လွန်ခဲ့သည် နှစ်များမှစတင်ကာ မလေးရှား အလုပ်ရှင်များမှာ အိမ်ဖော် နိုင်ငံခြား အလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အလုပ်သမား အခွင့် အေရေးချိုးဖောက်ခြင်းများကြောင်း သက်ဆိုင်ရာနိုင်ငံများနှင့် အခြေအတင်ဖြစ်ခဲ့ရသည်။ စကားနှင့် ကိုးကွယ်ရာဘာသာပါ တူညီသည့် အင်ဒိုအိမ်ဖော်များပါ မလေးအလုပ်ရှင်များ၏ နှိပ်ကွက်မှုဒဏ်ကို မခံနိုင်သည့် အတွက် အင်ဒိုနီးရှား အိမ်ဖော်များ အလုပ်မှာစွန့်ခွါလာကြသည်များ တဖြည်းဖြည်းများလာသည့်အတွက် မလေး အစိုးရအနေဖြင့် ဆင်းရဲတွင်းတဖြည်းဖြည်းနက်လာသည့် မြန်မာနိုင်ငံကို မျက်စိကျလာကာ မြန်မာအိမ်ဖော် ခေါ်ယူရေးအစီအစဉ်ကို ဆောင်ရွက်လာခြင်းဖြစ်သည်။ တကယ်လို့ မြန်မာ အိမ်ဖော်များ မလေးရှားသို့ရောက်ရှိလာပါက ဘာသာစကားမတူခြင်း ရိုးရာယဉ်ကျေးမှုနှင့် မလေးအလုပ်ရှင် များ၏ အကျင့်ဖြစ်နေသည့် အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်လာရ မည်ဖြစ်သည့်အတွက် မလေးရောက် မြန်မာနိုင်ငံသားများအနေဖြင့် ယခုအစီအစဉ်အား လုံးဝလက်မခံနိုင်ခြင်း ဖြစ်ပါသည်။

Monday, December 26, 2011


မလေးရှားတွင်နေထိုင်သည့် မြန်မာ့ဒုက္ခသည်များကို လူမှူအဖွဲ့အစည်းများမှကူညီ

မြန်မာ့စစ်အစိုးရ၏ ဘက်ပေါင်းစုံမှဖိနှိပ်ချူပ်ချယ် မှုအပေါ် ခံနိုင်ရည်မရှိတော့သဖြင့် မြန်မာ့ တိုင်းရင်းသား လူမျိုးနွယ်စုပေါင်းမြောက်များစွာ ဒုက္ခသည်အဖြစ်မှတ်ပုံတင်ပြီး တတိယနိုင်ငံတစ်ခုခုကိုထွက်ခွါရန် စောင့်ဆိုင်း နေသည့် နိုင်ငံများထဲတွင် မလေးရှားသည်လည်း မြန်မာ လူမျိုးများ၏ နေထိုင်စောင့်ဆိုင်းနေရသည့် နိုင်ငံတစ်ခု ဖြစ်သည်။ အခု ခရစ္စမတ် ပွဲတော်ကာလတွင် မလေးရှားကုမ္ပဏီများ၊ လူမှုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံသား ဒုက္ခသည်နေထိုင်ရာနေရာများသို့ ခရစ္စမတ် လက်ဆောင်အဖြစ် အစားအသောက်များ၊ အ၀တ်အထည်များ၊ ပျော်ပွဲ ရွှင်ပွဲများကို လူသားချင်းစာနာစွာဖြင့် ကူညီထောက်ပံ့ဆောင်ရွက်ပေးလျှက်ရှိသည်။














Monday, June 20, 2011

UNHCR ကဒ် ကိုင်ဆောင်သူမြန်မာအားတရားဝင်လင်ယောင်္ကျားအဖြစ်ရွေးချယ်မည့် မလေးနိုင်ငံသူ

UNHCR ကဒ်ကိုင်ဆောင်ပြီး မလေးရှားမှာ အလုပ်လုပ်ကိုင်နေထိုင်သည့် မြန်မာတစ်ဦးအား မလေးနိုင်ငံ သူတစ်ယောက်မှ တရားဝင်လက်ထပ်ခွင့်ရရှိရန် မလေးအာဏာပိုင်များထံသို့တင်ပြအစီရင်ခံလျှက်ရှိရာ ရှေ့ဆက်ပြီး ဖြစ်လာမည့် အခြေအနေကိုသေချာ မသိရသေးသော်လည်း ယခင်ထုတ်ပြန်ထားသည့် ဥပဒေ တွင် UNHCR ကဒ် ကိုင်ဆောင်ထားသူ များအနေဖြင့် မလေးနိုင်ငံသူများကို တရားဝင်လက်ထပ်ခွင့်မရှိဟု သိရှိရသည်။

မလေးရှားမှာလည်း ရပ်ကွက်အချို့ ရေပြတ်လပ်မှုများဖြစ်ပေါ်

မလေးရှားနိုင်ငံတွင်လည်း တစ်ချို့ရပ်ကွက်များ ရေပြတ်လပ်မှုများ မကြာခဏဖြစ်ပေါ်တတ်သည်။ သို့သော် လည်း မလေးပြည်သူများအနေဖြင့် အခက်အခဲမရှိလှပေ။ တာဝန်ရှိ သူများမှ ရေပြတ်လပ်မှုဖြစ်ပေါ် တိုင်း ရေဖြန့်ဝေမှုများပြုလုပ်ကူညီဆောင်ရွက်ပေးကြသည်။ မြန်မာပြည်မှာဆိုရင် အဲဒီလိုရေပြတ်တဲ့နေရာတွေ ကို မီးသတ်ကားဖြင့် ရေလာရောင်းခြင်းဖြင့်လည်း ကူညီဆောင်ရွက်ပေးတတ်ကြသည်။

Thursday, April 21, 2011

မြေကြီးထဲသို့ရောက်ရှိနေသော အသေကောင်လုယက်ခံရ


သေဆုံးပြီး မြေမြုပ်သင်္ဂြိုလ်ထားသည့် မလေးရှားနိုင်ငံသား တရုတ်လူမျိုး အသေကောင်ဆီမှ အဖိုး တန် လက်ဝတ်ရတနာများကို ဖော်ယူခိုးယူသွားခြင်းဖြစ်သည်။ လက်စွပ်နှစ်ကွင်း နာရီတစ်လုံးနှင့် မိုဘိုင်ဖုန်း တစ်လုံး လုယက်ခံရခြင်းဖြစ်ပြီး သေဆုံးသွားသူအား မြေမြုပ်ပြီး ၁၁ ရက်အကြာတွင် ခိုးယူတူးဖော်ခံရခြင်း ဖြစ်သည်။

Tuesday, April 12, 2011

လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၈ဦးဖမ်းဆီးခံရ

မိန်းကလေး ၀န်ထမ်းတစ်ဦးအပါအ၀င် စုစုပေါင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၈ ဦးအား လာတ် စားမှုဖြင့် အရေးယူခြင်းခံရတော့မည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံမှ တရားမ၀င်ခိုးဝင်လာသော အလုပ်သမား မော်တော်ဘုတ်အား လာတ်ငွေရယူပြီး ၀င်ခွင့်ပြုခဲ့သည့်ပြစ်မှု ကျူုးလွန်ခြင်းဖြစ်သည် ဟုသိရှိရသည်။ မလေးရှား နိုင်ငံသည် နိုင်ငံခြားသား အလုပ်သမားအများအပြားလာရောက်အလုပ်လုပ်ကိုင်နေထိုင်ကြသည့် နိုင်ငံတစ်နိုင် ငံ ဖြစ်သလို မလေးအာဏာပိုင်တော်တော်များများလည်း လာတ်စားမှုကျုးလွန်ကြသည်။