Wednesday, November 3, 2010

ပျောက်ဆုံးနေသော လူသားများ

မလေးရဲသတင်း ထုတ်ပြန်ချက်အရ ၂၀၀၅ ခုနှစ်မှနေ ယနေ့ထိ မလေးရှားနိုင်ငံအတွင်း မလေးလူမျိုး ၁၂၈၀၀ ပျောက်ဆုံးနေသည့် ထဲမှ လူပေါင်း ၇၁၀၀ ကို ပြန်လည်တွေ့ရှိပြီး ကျန်ရှိနေသည့် လူများကို ယနေ့ထိရှာဖွေ မရရှိ သေးပေ။ ပျောက်ဆုံးနေသူများသည် ပြန်ပေးဆွဲခံရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချွှတ်ယွင်းပြီး လျှောက်သွားနေခြင်း တစ်ခြားသောနိုင်ငံသူ၊သား များနှင့် လင်၊ မယား အဖြစ်ပေါင်းသင်းကာ တစ်ခြားသောနိုင်ငံများသို့ လိုက်ပါသွား ခြင်းများ ဖြစ်နိုင်သည်ဟု ဆင်ခြေပေးထားသော်လည်း ရာဇ၀တ်မှု ထူပြောလှသည့် မလေးရှားတွင် ၄င်းပျောက်ဆုံးနေသူများ အသက်ရှင်သန်လျှက် ရှိ၊မရှိဆိုသည်ကို သေချာမ ပြောနိုင်ပေ။ မလေးရှားနိုင်ငံ၏ အထင်ကရလူသတ်မှုဖြစ်သော အလှကုန်ကုမ္ပဏီပိုင်ရှင်မနှင့် အပေါင်းအပါများ အသတ်ခံရမှုတွင် အလောင်းကို မီးရှီု့ပြီး ပြာအဖြစ်ပြောင်းလဲပြီး အလောင်းကို ဖျောက်ဖျက်ခြင်းကို တွေ့ရှိရ သည့်အတွက် လူသတ်သမားများမှ အလောင်းကိုအပြီး အပိုင် ဖျောက်သည့် စနစ်ကိုအသုံးပြုနေခြင်းသည်လည်း ပျောက်ဆုံးသူများကို ရှာဖွေရန်ခက်ခဲ့သည် ပြသနာတစ်ခုဖြစ်ပေလိမ့်မည်။

No comments:

Post a Comment