Monday, January 17, 2011

အုန်းပင်ပေါ်သေဆုံးသည့် နီပေါလူမျိုးအလုပ်သမား


စိုက်ပျိုးရေးခြံတစ်ခုကို မလေးအာဏာပိုင်များမှ ၀င်ရောက်စစ်ဆေးမှုကြောင့် အဖမ်းခံရမည်ကို စိုးရိမ်ပြီး။ အုန်းပင်ပေါ်တက်ပြေးသည့် နီပေါလူမျိုး အလုပ်သမားတစ်ယောက်သေဆုံးသွားသည်။ ၁၅ မီတာမြင့် သော အုန်းပင်အပေါ်တွင် သေဆုံးနေခြေင်းဖြစ်သည်။ အလုပ်ပါမစ်သက်တန်းကုန်ဆုံးသွားပြီဖြစ်သဖြင့် အဖမ်းခံရမည် ကိုစိုးရိမ်ကာ အုန်းပင်ပေါ်သို့တက်ပြေးတိမ်းရှောင်ခြင်းဖြစ်သည်။ မည်သည့် အကြေင်းကြောင့်သေဆုံးသွားခြင်း ဖြစ်သည်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပေ။ မလေးရှားနိုင်ငံတွင် တရုတ်နှစ်သစ်ကူးချိန်နှင့် နီးကပ်လာပြီဖြစ် သဖြင့် အဖမ်းအဆီး၊ အစစ်အဆေးများကို နေရာတိုင်းတွင်း တင်းကျပ်လျှက်ရှိသည်ကိုတွေ့ရှိရသည်။

No comments:

Post a Comment