Monday, January 10, 2011

နှစ်ယောက်ပေါင်းသွားကိုးချောင်းကျွတ်သွားတဲ့တရုတ်လင်မယား

မီးပွိုင့် မီးနီ မိသည့်လမ်းဆုံတွင် ကားချင်းဘေးကပ် ယှဉ်ရပ်ထားရာမှ တစ်စီးနှင့်တစ်စီး အချအတင် အငြင်းပွါး ပြီး ခိုက်ရန်ဖြစ်ပွါးခြင်းဖြစ်သည်။ မောင်းနှင်လာသူများမှာ တစ်စီးတွင် အရပ်ဝတ် မလေးရဲဖြစ်ပြီး အခြားတစ်စီး တွင်မလေးနိုင်ငံသား တရုတ်လူမျိုးလင်မယားဖြစ်သည်။ အရပ်ဝတ်မလေးရဲမှ တရုတ်လင်မယားကို ဆွဲထိုးခြင်း ဖြစ်ပြီး လင်ဖြစ်သူမှာ သွားနှစ်ချောင်းကျိုးကာ မယားဖြစ်သူမှာ သွား ၇ ချောင်း ကျွတ်ထွက်သွားခြင်းဖြစ်သည်။ မလေးရှားနိုင်ငံတွင်လည်း လူမျိုးရေးပြသာနာများ မကြာခဏ ဖြစ်ပေါ်တတ်သည့် အတွက် အခု ပြသနာသည် လည်း မီဒီယာ များ၏ စိတ်ဝင်စားခံရသော ပြသနာတစ်ခုဖြစ်လာသည်။

No comments:

Post a Comment