Monday, October 18, 2010

မြို့ထဲဆိုလဲ သတိထား


မလေးရှားနိုင်ငံ မြို့တော် ကွာလာလန်ပူအတွင်းမှ လူစည်ကားရာလမ်းတစ်လမ်းဖြစ်ပြီး မြန်မာစားသောက်ဆိုင် အများအပြားလည်း ရှိသည့်နေရာဖြစ်ပါသည် အခုလိုလူစည်ကားရာလမ်းမများပေါ်တွင် မြန်မာအချင်းချင်း ဓားမြတိုက်ခြင်း လုယက်ခြင်းများ မကြာခဏဖြစ်ပေါ်တတ်သည်။ တစ်ချို့မြန်မာတွေ အလုပ်အကိုင်မည်မည် ရရ မရှိပဲ အခုလိုလူစည်ကားရာနေရာများတွင် မြန်မာအချင်းချင်းကူညီ ရိုင်းပင်းသလိုလိုနှင့် လုယက်၊ ဓါးမြတိုက် နေခြင်းဖြစ်သည့်အတွက် မလေးရှားရောက်မြန်မာအလုပ်သမားများ မြို့တွင်းသို့သွားလာလျှင်လည်း လုယက် သူများရန်ကို အထူးသတိထားသင့်သည်။

No comments:

Post a Comment