Friday, March 11, 2011

Water Scooter စီးတဲ့ ရွှေမြန်မာ

ပရိဘောဂစက်ရုံ အလုပ်သမား ကိုနေလင်း အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသား တစ်ဦးအား water scooter မတော်တစ်ဆ တိုက်ခိုက်မှုဖြင့်မလေးအာဏာပိုင်များမှ ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ်(မလေးရင်းဂစ်) - ၁၀၀၀ လျှော်ကြေးပေးရန် စီရင်ချက် ချမှတ်လိုက်သည်။ ကိုနေလင်းမှာ အပန်းဖြေကမ်းခြေတစ်ခုတွင် water scooter အပျော်တမ်း စီးနင်းနေရင်း ပင်လယ် ကမ်းခြေတွင် အပန်းဖြေလမ်းလျှောက်နေသော တရုတ်အမျိုးသမီး တစ်ဦးအား ၀င်တိုက်မိရာ ၄င်းအမျိုးသမီးမှာ ခြေတစ်ချောင်းကျိုးသွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ တရားရုံးမှ မေးမြန်းရာတွင် "ကုန်းပေါ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်တတ်သည့်အတွက် ရေထဲတွင် water scooter ကို လွယ်ကူစွာ မောင်းနှင်နိုင်မည် အထင်ဖြင့် စီးမိရာမှ အခုလို မတော်တစ်ဆ၀င်တိုက်မှုဖြစ်ကြောင်း" ကာယကံရှင် ကိုနေလင်းမှ ရုံးတော်ကိုထွက်ဆိုသည်။

No comments:

Post a Comment