Wednesday, December 8, 2010

မြန်မာအချင်းချင်း ထိုးသတ်မှုကြောင့် ၃ ဦးသေဆုံး

မလေးရှားနိုင်ငံ၏ အထင်ကရ မြို့တစ်မြို့ဖြစ်သော ပီနန်း မြို့တော်တွင် အလုပ်လုပ်ကိုင်နေထိုင်ကြသော မြန် မာအချင်းချင်းခိုက်ရန်ဖြစ်ပွါးခြင်းကြောင်း အချင်းချင်းထိုးသတ်သည့်အတွက် မြန်မာ သုံးဦးသေဆုံးသွားကြောင်း ဖော်ပြထားပြီး၊ မည်သည့်တိုင်းရင်းသားများဖြစ်သည်ကိုတော့ မသိရှိရသေးပေ။ အလုပ်သမားများမှာ သန့်ရှင်းရေး လုပ်သား၊ ရေလိုင်း၊ မီးလိုင်း တပ်ဆင်သူများဖြစ်ပြီး နေထိုင်ရာအခန်းတွင် ပြသာနာဖြစ်ခြင်းဖြစ် သည်ဟု China Press သတင်းစာတွင်ဖော်ပြထားသည်။ မလေးရှားနိုင်ငံတွင် တစ်နေ့တစ်ခြား မြန်မာအလုပ်သ မားများတိုးပွါးလာသော်လည်း မြန်မာအလုပ်သမားအရေး ကို ကူညီဆောင်ရွက်ပေးသည့် Ngo များနည်းပါးခြင်း၊ မြန်မာများကိုယ်တိုင်ကိုယ်ကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းများမှာလည်း အလုပ်သမားများအကြား တွင် မည် သည့်အရာမှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက် မြန်မာအလုပ်သမားများမှာ ကျမ်းမာရေး၊ ပညာရေး၊ အလုပ်သမားဥပဒေရေးရာများကို နားမလည်ပဲ မြောက်များစွာသော မြန်မာအလုပ်သမားများ ဒုစရိုက်ဂိုဏ်းများ၊ မကောင်းမှုများတွင်ပါဝင်ပတ်သတ်လျှက်ရှိသည်ဟု မလေးရှားနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်နေထိုင် သည့်နှစ်ရှည် မြန်မာအလုပ်သမားတစ်ဦးမှပြောပြသည်။

No comments:

Post a Comment