Monday, January 17, 2011

မြန်မာအမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရပြီးသေဆုံး

(ကျန်ရှိခဲ့သော ငါးလအရွယ် ကလေးလေးနှင့် ဖခင်ဖြစ်သူကိုစည်သူခေါ်ဆိုင်ပိုင်ရှင်မ ယောင်္ကျား)
မလေးရှားနိုင်ငံ၏ နိင်ငံခြားသား ခရီးသွားများ အများအပြား အလည်အပတ်ခရီးသွားတတ်သည့် မြို့တော် မာလကာ တွင် စားသောက်ဆိုင်ပိုင်ရှင် မြန်မာအမျိုးသမီးတစ်ဦးနှင့် သူမ၏ အိမ်ဖော် မြန်မာအမျိုးသမီး တစ်ဦး စုစုပေါင်း နှစ်ဦးမှာ ၄င်းတို့နေအိမ်တွင် ဓါးဖြင့်ထိုးသတ်ခြင်းခံရပြီးသေဆုံးသွားခြင်းဖြစ်သည်။ ဆိုင်ပိုင်ရှင် မြန်မာ အမျိုးသမီးမှာ စားသောက်ဆိုင်လုပ်ငန်းအပြင် မြန်မာပြည်တွင်းမှ အလုပ်သမားခေါ်ယူသည့် လုပ်ငန်းများကိုပါ လုပ်ကိုင်သူဖြစ်သည်ဟုသိရှိရသည်။ အခင်းဖြစ်သည့်နေ့တွင် ယေင်္ကျားနှစ်ယောက် ၄င်းအိမ်သို့ ၀င်းသွားပြီး စကားအချတင်ပြောဆိုသံများကြားရကြောင်း ၄င်းနောက် ယေင်္ကျားနှစ်ယောက်ပြန်ထွက်သွားကြောင်း အိမ်နီး ချင်းများက ထွက်ဆိုသည်။ သေဆုံးသူများကို လင်ဖြစ်သူပြန်ရောက်လာသည့်အချိန်မှ သိရှိခြင်းဖြစ်သည်။ ၀မ်းနည်း စရာကောာင်းသည်မှာ သေဆုံးသွားသော ဆိုင်ပိုင်ရှင်အမျိုးသမီးတွင် ငါးလ အရွယ်ကလေးလေး တစ်ဦး ကျန်ရှိခဲ့ဖြင်းဖြစ်သည်။ ၄င်းသေဆုံးမှု၏ အဓိက တရားခံများမှာမြန်မာများသာဖြစ်နိုင်သည်ဟု ရဲအဖွဲ့က ထင်မြင်ထားပြီး မြန်မာအချင်းချင်းသာဖြစ်မည်ဆိုသည်ကို အိမ်နီးချင်းများနှင့် နီးစပ်သူ အချို့လည်း ထင်ကြေး ပေးထားသည်။

No comments:

Post a Comment