မလေးရှားနိုင်ငံအတွင်း လာရောက်အလုပ်ကိုင်ကြသည့် နိုင်ငံခြားသား အလုပ်သမားများကို မလေးရှားအစိုးရမှ ယခင် ခွင့်ပြုထားသည့် ၅ နှစ်သက်တမ်းကို နောက်ထပ် ၅ ငါးနှစ်ထပ်ပေါင်းကာအလုပ်လုပ်ခွင့် ပြုတော့ မည်ဖြစ်သည်။ ယခင် နိုင်ငံခြားသားအလုပ်သမားများ အနေဖြင့် မလေးရှားနိုင်ငံအတွင်းသို့လာရောက်အလုပ်လုပ်ကိုင်ပြီး လုပ်သက် ၅ နှစ်ပြည့်သွားပါက မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွါရသည်။ ယခု အခါ နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် လုပ်သက် ၅ နှစ် ပြည့်သွားသော်လည်း မိခင်နိုင်ငံသို့ ပြန်လည် ထွက်ခွါစရာမလို တော့ပေ။ ကျွမ်းကျင် လုပ်သားအဖြစ် မလေးအစိုးရမှ နောက်ထပ် ၅ နှစ် အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးမည့် အစီအစဉ်ဖြစ်သည်။ လက်ရှိအခြေအနေတွင် စိုက်ပျိုးရေးလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည့် နိုင်ငံ ခြားသားအလုပ်သမားများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်သည်။
ပရိဘောဂစက်ရုံ အလုပ်သမား ကိုနေလင်း အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသား တစ်ဦးအား water scooter မတော်တစ်ဆ တိုက်ခိုက်မှုဖြင့်မလေးအာဏာပိုင်များမှ ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ်(မလေးရင်းဂစ်) - ၁၀၀၀ လျှော်ကြေးပေးရန် စီရင်ချက် ချမှတ်လိုက်သည်။ ကိုနေလင်းမှာ အပန်းဖြေကမ်းခြေတစ်ခုတွင် water scooter အပျော်တမ်း စီးနင်းနေရင်း ပင်လယ် ကမ်းခြေတွင် အပန်းဖြေလမ်းလျှောက်နေသော တရုတ်အမျိုးသမီး တစ်ဦးအား ၀င်တိုက်မိရာ ၄င်းအမျိုးသမီးမှာ ခြေတစ်ချောင်းကျိုးသွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ တရားရုံးမှ မေးမြန်းရာတွင် "ကုန်းပေါ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်တတ်သည့်အတွက် ရေထဲတွင် water scooter ကို လွယ်ကူစွာ မောင်းနှင်နိုင်မည် အထင်ဖြင့် စီးမိရာမှ အခုလို မတော်တစ်ဆ၀င်တိုက်မှုဖြစ်ကြောင်း" ကာယကံရှင် ကိုနေလင်းမှ ရုံးတော်ကိုထွက်ဆိုသည်။
မလေးရှားနိုင်ငံအနှံ နိုက်ကလပ် ၊ ဘီယာဘား လုပ်ငန်းများမှာ တွင်ကျယ်လာသည့်အပြင် ၄င်းနှင့်ဆက်စပ်ပြီး လိင် ဆက်ဆံရေးလုပ်ငန်းများပါ ပါရှိလာသည့်အတွက် အထူးတင်းကျပ်စွာ စစ်ဆေး၊ ဖမ်းဆီးလာခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအများစုမှာ တရုတ်၊ ဗီယက်နာမ်၊ ထိုင်း၊ အင်ဒိုနီးရှား အမျိုးသမီးများဖြစ်ကြပြီး တစ်ခါ တစ်ရံ မြန် မာအမျိုးသမီးများ အချို့ပါဝင်တတ်သည်။ အပြင်သတင်းများအရ မလေးရှားနိုင်ငံအတွင်း လူကုန်ကူးရောင်းစား ခံရသည့် နိုင်ငံခြားသူအချို့မှာ အလုံပိတ်ထားသည့် အခန်းများတွင် လှောင်ပိတ်ထားပြီး လိင်ကျွန်အဖြစ် အတင်း အဓမ္မရောင်း စားခံနေရကြောင်း သတင်းများလည်း ကျယ်ပြန့်လျှက်ရှိသည်။
၂၀၀၉ မတိုင်မီကို မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် ဂျာနယ်များမှာ အဓိကအားဖြင့် အားကစားဂျာနယ် များသာဖြစ်ပြီး အမျိုးအစားများဖြင့်လည်း မများလှပေ မြန်မာပြည်တွင်းမှာ ဂျာနယ်အချို့ကိုလည်း တင်သွင်း ရောင်းချခဲ့ကြသည်ကို တွေ့ရှိရသည်။ ၂၀၀၉ နောက်ပိုင်း မလေးရှားနိုင်ငံမှ ထုတ်ဝေသည့် ဂျာနယ်အမျိုးအစား အများအပြား ထွက်ပေါ်လာခဲ့ပြီး အကြာင်းအရာများမှာလည်း နိုင်ငံရေးကို အဓိကထားဖော်ပြလာကြသည်ကို တွေ့ရှိရသည်။ အစပထမပိုင်းတွင် မှာယူရောင်းချသည့် အရောင်းဆိုင်များကို မြန်မာသံရုံးမှ ဖိအားပေးမှု၊ ခြိမ်း ခြောက်မှုများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံမဟုတ်သည့် အတွက် တားဆီး၊ ပိတ်ပင်နိုင်ခြင်း မရှိခဲ့ပေ။ ၂၀၁၀ မှ စတင်ကာ မလေးရှားနိုင်ငံအတွင်း ဖြန့်ဝေရောင်းချသည့် ဂျာနယ်များတွင် နိုင်ငံရေးသတင်းများကို ဖော်ပြသည့် ဂျာနယ်များ ကျယ်ပြန့်စွာ ရောင်းအားမြင့်တက်လာခြင်းကို တွေ့ရှိရသည်။
မလေးရှားနိုင်ငံအတွင်း ဂိုဏ်းစတား(လူဆိုးအဖွဲ့) များမှာ တစ်နေ့တစ်ခြား ကြီးထွားလာသည်ကိုတွေ့ရှိ ရသည်။ မလေးဂိုဏ်းစတား၊ တရုတ်ဂိုဏ်းစတား၊ အိန္ဒိယ ဂိုဏ်းစတားဆိုပြီး အမျိုးအစား သုံးမျိုးရှိသည်။ အားလုံး သော ဂိုဏ်းစတားအဖွဲ့အစည်းများမှာ လူမိုက်အလုပ်အကိုင်များကိုသာ လုပ်ကိုင်ကြသည်။ အထူးသဖြင့် ယင်း အဖွဲ့များသို့ ကျောင်းသားလူငယ် အများအပြား လမ်းမှားစွာ ၀င်ရောက်လာကြသည်ဟုသိရှိရသည်။ သို့သော် ၀င်ပြီး ပြန်ထွက်ရန် မလွယ်ကူပေ။ လွန်ခဲ့သည့် လအတွင်းဖြစ်ပေါ်ခဲ့သည့် တရုတ်ဂိုဏ်းစတား အချင်းချင်း ခိုက် ရန်ဖြစ်ပွါးမှုတွင် ဆယ်ကျော်သက် အထက်တန်းကျောင်းသား ဂိုဏ်းစတား သုံးဦးသေဆုံးသွားခဲ့သည်။ မြန်မာ အချို့လည်း ၄င်းဂိုဏ်းစတားများ၏ အခိုင်းအစေအဖြစ် ၀င်ရောက်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံအတွင်း မလေးနိုင်ငံသားတရုတ်လူမျိုးများ တစ်နေ့တစ်ခြား မိမိကိုယ်ကို သတ်သေပြီး အဆုံးစီရင်မှုများ တစ်နေ့တစ်ခြား တိုးပွါးလျှက်ရှိသည်။ အထူးသဖြင့် လူငယ်များဖြစ်နေသည်ကိုတွေ့ရှိရသည်။ ၁၉၉၈ နောက်ပိုင်း လူတစ်သိန်းလျှင် ၈ ယောက်မှ ၁၂ ယောက်ထိ တိုးပွါးလာကြောင့် မလေးအာဏာပိုင်များမှ အတည် ပြုထားပြီး အစိုးရနှင့် အစိုးရမဟုတ်သည့် NG0 များအနေဖြင့် အလေးပဲ ပညာပေးလုပ်ငန်း များ ဆောင်ရွက် သင့် ကြောင်း ရုပ်ပိုင်းဆိုင်ရာ ဆေးသိပ္ပံတက္ကသိုလ်မှ ပါမောက္ခတစ်ဦးမှ အကြံပြုပြောဆိုသည်။
အီဂျစ်နိုင်ငံတွင်ပညာသွားရောက်သင်ကြားနေသည့် မလေးရှားနိုင်ငံသား ကျောင်းသား၊သူ များနှင့် စီးပွါးရေး သွားရောက်လုပ်ကိုင်နေသူများကို မလေးအစိုးရမှ မိခင်နိုင်ငံသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စီစဉ် ဆောင် ရွက်လျှက်ရှိရာ ပထမဆုံးအသုတ်အဖြစ် ကျောင်းသား၊သူ သုံးရာကျော်ရောက်ရှိလာပြီဖြစ်သည်။ လေကြောင်း လိုင်းကို အဓိကထားပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာသွားရောက် သင်ကြားနေသော ကျောင်းသူ၊သား များအနေဖြင့် မည်သည့ိအခကြေးငွေမှပေးစရာမလိုပဲ မလေးရှားအစိုးရမှ အခမဲ့လုပ်ဆောင်ပေးခြင်းဖြစ်သည်။ မလေးနိုင်ငံသား ကျောင်းသား၊သူ စုစုပေါင်းတစ်သောင်းကျော်နှင့် စီးပွါးရေး လုပ်ကိုင်နေသူ တစ်သောင်းကျော် စုစုပေါင်း မလေးရှားလူမျိုးနှစ်သောင်းကျော် အီဂျစ်တွင်ရှိနေသည်ဟု ဖော်ပြ ထားသည်။