Monday, January 3, 2011

မွေးဖွါးစ ခလေးများစွန့်ပစ်ခံရမှုတိုးပွါးလာ


မလေးရှားနိုင်ငံအတွင်း မွေးဖွါးစ ကလေးများ စွန့်ပစ်ခံရမှုမှာ တစ်နေ့တစ်ခြားတိုးပွါးလျှက်ရှိသည်။ ကလေး ငယ်များကို အများပြည်သူများစွန့်ပစ်ရန်ထားရှိသည့် အမှိုက်ပုံးများတွင် လာရောက်လွှင့်ပစ်ထားခြင်းများဖြစ် သည်။ အများအားဖြင့် အသက်ရှင်သန်လျှက်ပြန်လည်တွေ့ရှိရခြင်းမျိုးဖြစ်ကာ စွန့်ပစ်ခံကလေးများတွေ့ရှိတိုင်း လည်း မလေးအစိုးရအနေဖြင့် နိုင်ငံခြားသားအလုပ်သမားများကို သံသယမကင်းပဲပြစ်တင်ဝေဖန်တတ်သည်။ သို့သော် မလေးအစိုးရ ထင်သလို ရာနုန်းပြည့် မဟုတ်ပဲ မလေးနိုင်ငံသားများကိုယ်တိုင် ကျူးလွန်နေခြင်းများ ဖြစ်သည်ကို တွေ့ရှိလာရသည်။ ၁၆ နှစ်အောက် ကလေးငယ်များ အိမ်ထောင်ပြုခြင်း၊ အလယ်တန်း အထက် တန်း ကျောင်းသူများ ကျောင်းတက်နေရင်း လိင်ကီစ္စပျော်ပါးပြီး ကိုယ်ဝန်ရရှိလာခြင်းများ တစ်နေ့တစ်ခြား တိုးပွါးလာသောကြောင့် ကိုယ်ဝန်ဆောင်ကျောင်းသူများ အသက်အရွယ်ငယ်ငယ်ဖြင့် ပညာရေးဆက်လက် ဆည်းပူးသင်ယူနိုင်ရေးအတွက် အစိုးရကိုယ်တိုင် ကိုယ်ဝန်ဆောင်များ ပညာသင်ကျောင်းအချို့ကို ဖွင့်လှစ်လျှက် ရှိသည်။

No comments:

Post a Comment