Thursday, December 30, 2010
Suzuki Cup champion မလေးရှားအသင်း အောင်ပွဲခံ
Suzuki Cup champion မလေးရှားနိင်ငံ ဘောလုံးအသင်းကို ဂုဏ်ပြုသောအားဖြင့် မနက်ဖန် ဒီဇင်္ဘာ ၃၁ သောကြာနေ့ကို အများပြည်သူများ အလုပ်ပိတ်ရက်အဖြစ် မလေးဝန်ကြီးချူပ် Najib က နိုင်ငံကို တရားဝင် ကြော်ငြာလိုက်ပြီး နိုင်ငံကိုယ်စားပြုဘောလုံးအသင်းကို မလေးရှားကျားများ ဆိုပြီးကင်ပွန်းတပ်ကာ ဂုဏ်ယူဝင့် ကြွားစွာပြောဆိုလိုက်သည်။ ၄င်း Suzuki Cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဘောလုံးအသင်းမှ မြန်မာ့အား ကစား ကမ္ဘာကို လွှမ်းရမည်ဆိုသည့် ဆောင်ပုဒ်ကို မနိုင်တနိုင်ထမ်းကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုပွဲကိုပင် မဖြတ်ကျော်နိုင်ခဲ့ဘဲ လှည့်ပြန်သွားခဲ့ရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment