Sunday, December 26, 2010

မလေးရဲနှင့် တရုတ်စီးပွါးရေးသမား


မလေးရှားနိုင်ငံတွင် မလေးလူမျိုး၊ တရုတ်လူမျိုးနှင့် အိန္ဒိယ လူမျိုးများမှာ အဓိကကျသော မလေးရှားနိုင်ငံ၏ နိုင်ငံသားများဖြစ်ကြသည်။သို့သော်လည်း တရုတ်လူမျိုးအများစုမှာ နိုင်ငံ၏စီးပွါးရေးကို ချူပ်ကိုင်နေသကဲ့သို့ မလေးလူမျိုးများမှာလည်း အဓိကကျသော အာဏာကို ချူပ်ကိုင်ထားကြသည်။ အထက်ဖော်ပြပါပုံမှာ မလေးရှား နိုင်ငံသား တရုတ်လူမျိုးစီးပွါးရေးသမားတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင်ကားကိုမောင်းလာစဉ်အဝေးပြေး စစ်ဆေးရေး ဂိတ်တစ်ခုတွင် မလေးရဲမှ ဖမ်းဆီးပြီးပါလာသည့် ပိုက်ဆံတောင်းသည်ကို မပေးနိုင်ဟု ငြင်းဆန် သည့်အတွက် ရဲများ၏ ၀ိုင်းဝန်း ဖမ်းဆီးရိုက်နှက်ခြင်းကိုခံရခြင်းဖြစ်သည်ဟု ကာယကံရှင်ကိုယ်တိုင်အမှုဖွင့် တိုင်ကြားထားသည်။ ၄င်းအမှုကို မလေးရှားနိုင်ငံအတွင်းနေထိုင်သည့် တရုတ်လူမျိုးစီးပွါးရေးသမားများ အထူး စိတ်ဝင်စားလျှက်ရှိသည်။

No comments:

Post a Comment