Wednesday, December 22, 2010

နှစ်ထပ်ကား တိမ်းမှောက်မူ ထိုင်းနိုင်ငံသား ၂၅ ယောက်သေ


မလေးရှားအဝေးပြေးလမ်းမကြီးတွင် အချိန်လွန်ပြီး တိမ်းမှောက်သွားခဲ့သော နှစ်ထပ်ကား ယာဉ်တိုက်မှု ဖြစ်စဉ်မှာ အား လပ်ရက်အပန်းဖြေခရီးထွက်လာသော ထိုင်းနိုင်ငံသား မိန်းမ ၁၅ ဦးအပါအ၀င် စုစုပေါင်း ၂၇ ဦးသေဆုံးသွားခဲ့သည်။ မလေးနိုင်ငံသား နှစ်ဦးသာပါရှိပြီး ကျန်ရှိသည့် ၂၅ ဦးမှာ ထိုင်းနိုင်ငံမှ အပန်းဖြေခရီး ထွက်လာသောထိုင်းနိုင်ငံသား ခရီးသွားများဖြစ်ကြသည်။ ၁၀ စုနှစ်အတွင်း မလေးရှားနိုင်ငံ၏ အဆိုးရွားဆုံး သမိုင်းဝင် ယာဉ် မှောက်သေဆုံးမှုဖြစ်သည်ဟု သက်ဆိုင်ရာမလေးရှားအရာရှိများပြောဆိုနေသော်လည်း အဝေး ပြေးလမ်းမကြီး ယာဉ်တိုက်မှုဖြစ်စဉ်မှာ မလေးနိုင်ငံတွင် မကြာခဏဖြစ်ပေါ်နေသည့်အတွက် မလေးအာဏာပိုင် တို့၏ပေါ့လျော့မှုများသာဖြစ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

No comments:

Post a Comment