Saturday, December 4, 2010

မြန်မာအချို့ အဖမ်းခံရဖွယ်ရှိ

မလေးရှားနိုင်ငံ Cheras,Maluri ဒေသတွင်နေထိုင်သော မြန်မာလူမျိုးများကို စစ်ဆေးအရေးယူတော့မည် ဖြစ်ကြောင့် ယနေ့ထုတ် China Press တရုတ်သတင်းစာတွင်ဖော်ပြထားသည်။ ၄င်းဒေသတွင်နေထိုင်လုပ်ကိုင် နေသော မြန်မာအလုပ်သမား လေးရာခန့်ရှိပြီး မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွါးခြင်း၊ မူးယစ်သောက်စား ဟစ်အော် ဆဲဆိုခြင်းများနေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေခြင်းကြောင့် ပတ်ဝန်းကျင်တွင်နေထိုင်သည့် မလေးနိုင်ငံ သားများမှ ဒေသဆိုင်ရာရဲစခန်းအားတိုင်ကြားခြင်းဖြစ်သည်။(ဖော်ပြပါပုံ) တာဝန်ခံ ရဲအရာရှိမှ ပတ်ဝန်းကျင်နေ ထိုင်သူ မလေးနိုင်ငံသားများ၏တိုင်ကြားချက်ကို လက်ခံပြီး စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ၀န်ခံဂတိပြုလိုက် ပြီဖြစ်သည်။ မလေးနိုင်ငံ၏ ဥပဒေအရလည်း နိုင်ငံတော်လုံခြုံရေးအရ နိုင်ငံသားများအနေဖြင့် နိုင်ငံခြားသား များဆူပူသောင်းကျန်းနေပါက ချက်ချင်းတိုင်ကြားပြီး အရေးယူပိုင်ခွင့်ရှိသဖြင့် ကောင်းမွန်စွာ လုပ်ကိုင်စား သောက်နေသော မြန်မာအချို့အတွက် ရင်လေးစရာအခြေအနေဆိုးနှင့်ရင်ဆိုင်ရမည့်အနေအထားဖြစ်သည်။

No comments:

Post a Comment