Wednesday, December 1, 2010

မော်တော်ယာဉ်မောင်းနှင်သူများကို တင်းကျပ်စွာစစ်ဆေး

ယာဉ်တိုက်မှုကြောင့် တစ်နေ့တစ်ခြား လူသေမှုတိုးလာနေသောကြောင့် အာဏာပိုင်များမှ အဓိက မြို့ကြီး များနှင့် အဝေးပြေးလမ်းမကြီးများတွင် ယာဉ်မောင်းလိုင်စင်များစစ်ဆေးပြီး အရေးယူလျှက်ရှိသည်။ မကြာ သေးခင်မှ ဖြစ်ပေါ်ခဲ့သော အဝေးပြေးအမြန်ယာဉ်မတော်တစ်ဆတိုက်ခိုက်မှုတွင် ကားမောင်းသည့် ဒရိုင်ဘာမှာ ကားမောင်း လိုင်စင်မရှိပဲကားမောင်းနေသူတစ်ဦးဖြစ်နေသည်ကို တွေ့ရှိရသည့်အတွက် တစ်နိုင်ငံလုံး တင်းကျပ် စွာ ယာဉ်မောင်းလိုင်စင်စစ်ဆေးနေခြင်းဖြစ်သည်။ အထက်ဖော်ပြပါပုံတွင် စစ်ဆေးတွေ့ရှိချက်အရ လိုင်စင် အ ထောက်အထားမစုံလင်သူများကို စစ်ဆေးရေးဂိတ်တစ်ခုတွင်ဖမ်းဆီးထားခြင်းဖြစ်သည်။ ကား၊ ဆိုင်ကယ် မောင်း နှင် နေသည့် မြန်မာအချို့တွင် မည်သည့် လိုင်စင်မှမရှိပဲ UNHCR ကဒ် ကို ယာဉ်မောင်းခွင့် ရသယောင်ယောင် ဖြင့် လွဲမှားစွာအသုံးပြုလျှက်ရှိနေသည်ကို တွေ့ရှိနေရသည်။

No comments:

Post a Comment